သင်ခန်းစာအကြောင်း
ဒီသင်ခန်းစာဟာ ကျောင်းပြီးစ လူငယ်များ ပထမဆုံး လုပ်ငန်းခွင်ဝင်တဲ့အခါ အလုပ်မှာ လိုအပ်တဲ့ Excel functions, methods, strategies and methods အစရှိတဲ့ နည်းစနစ်တွေကို ရင်းနှီးကျွမ်းကျင်စေဖို့အတွက် ဖြစ်ပါတယ်။ အများစုဟာ လုပ်ငန်းမှာ အသုံးဝင်တဲ့ Basic and Intermediate Excel ကို အကျွမ်းတဝင်မရှိကြပါဘူး။ ဒါကြောင့် အခု သင်ခန်းစာမှာ အလုပ်အတွက် လိုအပ်တဲ့ အခြေခံ Excel သင်ခန်းစာများသာမက အဆင့်မြင့် Excel သင်ခန်းစာများဖြစ်တဲ့ If functions, Vlookup ရေးနည်းများကိုပါ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။