ဆရာ ဦးမောင်မောင်အောင်
ဆရာ ဦးမောင်မောင်အောင်သည် ဥပဒေပညာဘွဲ့ (LL.B ) နှင့် စီးပွားရေးဥပဒေ (D.B.L)၊ နိုင်ငံတကာဥပဒေ (D.I.L)၊ ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေ (D.I.P.L) အစရှိသည့် ဒီပလိုမာဘွဲ့များကို ရန်ကုန်တက္ကသိုလ်မှရရှိခဲ့ပြီး၊ စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့(M.B.A)ကို ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာနမှ ရရှိခဲ့ပါသည်။
စီးပွားရေးဥပဒေပညာရပ်နှင့် စီမံခန့်ခွဲမှုပညာရပ်များကို Myanmar Institute of Theology (BARS) တွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သင်ကြားပေးခဲ့ပြီး၊ Oversea Education Service Center, River Samon Institute of Management, Myanmar Business School နှင့် Myanmar Supply Chain College တို့တွင်လည်း ၂၀၀၈ ခုနှစ်မှ စတင်၍ ယခုအချိန်အထိ သင်ကြားပို့ချပေးနေသူဖြစ်သည့်အပြင်၊ ပြည်တွင်း/ပြည်ပ ကုမ္ပဏီများစီးပွားရေးလုပ်ငန်းများ၏ ဥပဒေအကြံပေးအဖြစ်လည်း လုပ်ကိုင်လျက်ရှိပါသည်။