Skip to main content

Grade 10 Biology by Teacher Daw Ni Ni Tun

Enrollment in this course is by invitation only

သင်ခန်းစာအကြောင်း

ပညာရေးစနစ်သစ် ဇီဝဗေဒသင်ခန်းစာ

သင်ကြားရမည့်ခေါင်းစဉ်များ

သင်ကြားပြသသူ

Course Instructor Image #1

ဆရာမ ဒေါ်နီနီထွန်း
Anglo – Chinese School (Independent)
ဆရာမဒေါ်နီနီထွန်းဟာ ဇီဝဗေဒ မဟာသိပ္ပံဘွဲ့ M.Sc., (Biology) ကို ကနေဒါနိုင်ငံမှ ရရှိခဲ့ပြီး၊ (၁၉၈၅ မှ ၂၀၀၈) ခုနှစ်အထိ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်သင်တန်းကျောင်းများဖွင့်လှစ်ကာ ဂုဏ်ထူးရှင်ပေါင်း မြောက်များစွာကိုလည်း မွေးထုတ်ပေးခဲ့ရင်း စာအုပ်ပေါင်းမြောက်များစွာကို ပြုစုရေးသားခဲ့ပါတယ်။ သည့်နောက်မှာတော့ ဆရာမဟာ စင်ကာပူနိုင်ငံကိုရွှေ့ပြောင်းနေထိုင်ပြီး၊ စင်ကာပူရဲ့ နာမည်အကြီးဆုံး ထိပ်တန်းကျောင်းများထဲမှ တစ်ကျောင်းအပါအဝင်ဖြစ်တဲ့ Anglo – Chinese School (Independent) ကျောင်းမှာ ဇီဝဗေဒဘာသာရပ်ကို ၂၀၀၈ ခုနှစ်မှစတင်၍ ယခုအချိန်အထိ 21CC- ၂၁ ရာစု ပညာရေးစနစ်သစ်နှင့်အညီ စာတွေ့လက်တွေ့ဖြင့် Grade 9 မှ Grade 12 အတန်းများကို သင်ကြားပေးလျက်ရှိပါတယ်။ သည့်အပြင် ပြည်တွင်း၊ ပြည်ပဆိုင်ရာ သိပ္ပံပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲသည့် ကျောင်းသားများအား ကြီးကြပ်ပေးခဲ့ပါသေးတယ်။ သည်လိုလုပ်ဆောင်အောင်မြင်မှုတွေကြောင့်လည်း စင်ကာပူ ပညာရေး ဝန်ကြီးဌာနမှ ချီးမြှင့်တဲ့ The Best Mentor Teacher (အကောင်းဆုံး ကြီးကြပ်လမ်းညွှန်နိုင်သူ ဆရာဆု) နှင့် Caring Teacher (ဂရုဏာဆရာဆု) တို့ကို ဆွတ်ခူးရရှိထားပြီးဖြစ်တယ်။ အခု မြန်မာပြည်မှာ ပြောင်းလဲလိုက်တဲ့ K+12 ပညာရေးစနစ်သစ်အတွက် တဘက်တလမ်းက အထောက်အကူပြုလိုတဲ့ ဆရာမရဲ့ စေတနာနှင့် အားထုတ်မှုအသီးအပွင့်လေးဖြစ်တဲ့ Grade 10 (စနစ်သစ်) ဇီဝဗေဒသင်ခန်းစာတွေကို ဘယ်အရပ်ဒေသက ကျောင်းသားမဆို၊ နေရာမရွေး အချိန်မရွေး ဖုန်းတလုံးရှိရုံနှင့် လေ့လာသင်ကြားနိုင်ပါတော့မယ်။ ဗီဒီရိုသင်ခန်းစာတွေကို ကြည့်ရုံသာမက Assignments / Assessments များကို လိုက်လုပ်ကြည့်ပြီး မိမိရဲ့ နားလည်ကျွမ်းကျင်မှုကိုလည်း စစ်ဆေးအကဲဖြတ်နိုင်မှာလည်းဖြစ်ပါတယ်။ ။