Skip to main content

"လေ့လာ၏ အထွေထွေ စည်းကမ်းသတ်မှတ်ချက်များ"

၁. လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ

အောက်ပါဖော်ပြချက်များသည် လေ့လာ ကို အသုံးပြုမည် ဆိုပါက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပြီး နောက်ပိုင်းတွင် “laelar.com” ကို (လေ့လာ သို့မဟုတ် ကျွနု်ပ်တို့ဟု ) ရည်ရွယ် သုံးနှုန်းသွားမည်ဖြစ်သည်။

  • (က) အသုံးပြုသူဆိုသည်မှာ လေ့လာ Platform ပေါ်ရှိ ဆရာ/ဆရာများနှင့် ကျောင်းသားများကို ရည်ညွှန်းပါသည်။
  • (ခ) ဆရာများဆိုသည်မှာ လေ့လာတွင် အွန်လိုင်းသင်ကြားမှု ပြုလုပ်နေသော ဆရာ/ဆရာမများကို ရည်ညွှန်းပါသည်။
  • (ဂ) ကျောင်းသားများဆိုသည်မှာ လေ့လာတွင် အွန်လိုင်းသင်တန်းများ သင်ယူလေ့လာနေသော ကျောင်းသားများကို ရည်ညွှန်းပါသည်။
ဤ website/app ကို သင်အသုံးပြုမည်ဆိုပါက အောက်ပါ စည်းမျဉ်းစည်းကမ်းများကို သေချာစွာ ဖတ်ရှု၍ နားလည်လက်ခံရန် လိုအပ်ပါသည်။ အကယ်၍ အောက်ပါ အချက်အလက် စည်းမျဉ်းစည်းကမ်း များကို သဘောမတူပါက ဤ website/app ကို အသုံးမပြုရန် မေတ္တာရပ်ခံပါသည်။

၂. အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ

  • ၂.၁ လေ့လာ ၏ Web Services များအား အသုံးပြုရန် လျှောက်ထားသောအခါ အသုံးပြုသူ သည် တိကျသော ကိုယ်ရေးကိုယ်တာ အချက်အလက်များအားထည့်သွင်းရန်လိုအပ်ပါသည်။ ထို့ပြင် အချက်အလက်ဆိုင်ရာ အပြောင်းအလဲများ ရှိလာလျှင်လည်း ချက်ချင်း အသစ်ပြန်လည်ပြုပြင်ရန်လိုအပ်သည်။
  • ၂.၂ ထို့ပြင် လေ့လာမှတောင်းဆိုမှုများရှိလာပါက ထည့်သွင်းထားသော ကိုယ်ရေးအချက်အလက်များ၏ တိကျမှန်ကန်မှုအား အတည်ပြုရန် အထောက်အထားများ စီစဉ်ပေးရန်လိုအပ်မည်ဖြစ်သည်။
  • ၂.၃ အသုံးပြုသူသည် မိမိ၏ User Account နှင့် Password အား အခြားသူများသို့ လွှဲပြောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်းများ မပြုရပါ။ အသုံးပြုသူသည် မိမိ၏ User Account အား အခြားသူများမှ တရားမဝင် အသုံးပြုနေသည်ကို ရှာဖွေတွေ့ရှိလျှင် လေ့လာ ထံသို့ ချက်ချင်း အသိပေးရမည်ဖြစ်သည်။
  • ၂.၄ အကယ်၍ အသုံးပြုသူ၏ ပေါ့ဆမှုကြောင့် User Account နှင့် Password အား အခြားသူများ၏ တရားမဝင်အသုံးပြုမှုများ ဖြစ်ပေါ်လာပါက(သို့မဟုတ်) တိုက်ခိုက်ခံရပါက လေ့လာနည်းပညာကုမ္ပဏီ အနေနှင့် မည်သည့်ပုံစံမျိုးနှင့်မှ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများ ပြုမည် မဟုတ်ပါ။

၃. အသုံးပြုသူများ ရှောင်ကြဉ်ရမည့် အချက်များ

  • ၃.၁ အသုံးပြုသူ သည် မြန်မာနိုင်ငံတွင်ရှိသည့် ဆက်သွယ်ရေး ဥပဒေ အပြင် အခြားသက်ဆိုင်သော ဥပဒေများနှင့် စည်းမျဉ်းသတ်မှတ်ချက်များအားလုံးအား လိုက်နာရမည်ဖြစ်ပါသည်။
  • ၃.၂ အသုံးပြုသူသည် Web ဝန်ဆောင်မှုများနှင့် စပ်ဆိုင်သည့် အားလုံးသော သဘောတူညီချက်များ၊ ထုတ်ပြန်ချက်များ နှင့် လုပ်ငန်းစဉ်များအား လိုက်နာရမည် ဖြစ်ပါသည်။
  • ၃.၃ အသုံးပြုသူသည် မည်သည့် မှတ်ပုံတင်မူပိုင်များ၊ မူပိုင်ခွင့်များ၊ နာမည်ဂုဏ်သတင်းဆိုင်ရာ ရပိုင်ခွင့် (သို့မဟုတ်) အခြားမည်သို့သော တရားဝင် ရပိုင်ခွင့်များ နှင့် တတိယ အဖွဲ့အစည်း၏ အကျိုးစီးပွားများ အပေါ်တွင် စည်းမျဉ်းချိုးဖောက်ခြင်းများ မပြုရပါ။

၄. ပြင်ဆင်မှု နှင့် ထပ်မံ ထည့်သွင်းချက်များ

လေ့လာသည် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ အောက်ပါ အရာများကို အချိန်နှင့်အမျှ ဆောင်ရွက်နိုင်သည်။

  • ၄.၁ ဤ သဘောတူညီမှုကို ပြင်ဆင်ဖြည့်စွက်နိုင်ခြင်း နှင့်
  • ၄.၂ ဤ သဘောတူညီမှု တွင် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ထပ်မံ ထည့်သွင်းခြင်း စသည်တို့ဖြစ်သည်။ အထက်ပါ ပြင်ဆင်ဖြည့်စွက်ထားသော၊ ထပ်မံထည့်သွင်းထားသော စည်းမျဉ်းစည်းကမ်းများကို စတင်အသက်ဝင်သော နေ့မှစ၍ website ပေါ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။
  • အကယ်၍ သဘောတူညီချက်ကို ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များရှိပါက ကျွနု်ပ်တို့မှ အကြောင်းကြားသွားမည် ဖြစ်ပါသည်။ အဆိုပါပြင်ဆင်မှုများ အပြီး Website ကို ဆက်လက်အသုံးပြုနေပါက သင်သည် ပြင်ဆင်ဖြည့်စွက်ထားသော အချက်အလက်များကို နားလည်လက်ခံ သဘောပေါက်ပြီး ဖြစ်သည်ဟု ကျွနု်ပ်တို့မှ ယူဆပါသည်။

၅. လေ့လာ၏ အခွင့်အရေးများ

  • ၅.၁ ကျွနု်ပ်တို့လေ့လာဘက်မှ လေ့လာ Website နှင့် ဝန်ဆောင်မှုများပြုပြင်ပြောင်းလဲမှုများအား ဆောင်ရွက်ရာတွင် မည်သည့်အချိန်၌မဆိုဆောင်ရွက်နိုင်ပါသည်။
  • ၅.၂ လေ့လာဘက်မှ သင်၏ Account / ငွေပေးချေမှု စသည်တို့ကို မည်သည့်အချိန်၊ မည်သည့်အကြောင်းပြချက် နှင့်မဆို ဖျက်သိမ်းခွင့်ရှိသည်။
  • ၅.၃ မည်သည့်အချိန် ၌မဆို ကျွနု်ပ်တို့၏ စံသတ်မှတ်ချက်များကို ပြောင်းလဲနိုင်သည်။
  • ၅.၄ အကယ်၍ ဆရာများ၏ Account တွင် ကျွနု်ပ်တို့၏ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည်ကို တွေ့ရှိပါက ယင်းဆရာများကို လေ့လာဘက်မှ ထုတ်ပယ်နိုင်သည်။
  • ၅.၅ လေ့လာဘက်မှ စည်းမျဉ်းစည်းကမ်းတစ်ချို့နှင့် မကိုက်ညီသော အွန်လိုင်းသင်တန်းများ၊ Comment များကို အချိန်မရွေး ပယ်ဖျက်ရပ်ဆိုင်းနိုင်သည်။

၆. လေ့လာရှိ ကျောင်းသားများ၏ ခံဝန်ကတိပြုခြင်း

လေ့လာရှိအွန်လိုင်းသင်တန်းကို စာရင်းပေးသွင်းခြင်းဖြင့် ကျောင်းသားများသည် အောက်ပါအချက်များကို လိုက်နာပါမည်ဟု ယူဆပါသည်။

  • ၆.၁ သင်ခန်းစာနှင့် သက်ဆိုင်သော Assignments များ၊ Project များကို မိမိဘာသာ လုပ်ဆောင်ပါမည်။
  • ၆.၂ User Account တစ်ခုတည်းသာ အသုံးပြုပြီး အခြားသူများနှင့် မိမိ၏ Username နှင့် Password များကို မျှဝေသုံးဆွဲခြင်း မပြုပါ။
  • ၆.၃ စာမေးပွဲ ရလဒ်များ၊ assignment များနဲ့ ပတ်သတ်၍ မသမာသည့်နည်းလမ်းများဖြင့် မိမိအမှတ်များအောင်၊ အခြားသူများ အမှတ်နည်းအောင် မပြုလုပ်ပါ။
  • ၆.၄ သင်ခန်းစာ အဖြေများကို လူမှုကွန်ယက်ပေါ်သို့ဖြန့်ဝေခြင်းမပြုပါ။

၇. ကျောင်းသားများအတွက် စည်းကမ်းသတ်မှတ်ချက်များ

လေ့လာရှိ အွန်လိုင်းသင်တန်း တစ်ခုခုတွင် တက်ရောက်ရန် စာရင်းပေးသွင်းပြီးပါက အောက်ပါအချက်များကို ကျောင်းသားများမှ လက်ခံမည်ဟု မှတ်ယူပါမည်။

  • ၇.၁ ကျောင်းသားသည် လေ့လာ၏ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ၊ ခံဝန်ကတိပြုခြင်းနှင့်၊ စည်းမျဉ်းစည်းကမ်းများ ကို လက်ခံသည်ဟု ယူဆပါသည်။
  • ၇.၂ ခံဝန်ကတိကို ဖောက်ဖျက်ပါက Assignment အတွက်အမှတ်မရခြင်း၊ သင်တန်းမှ ထုတ်ပယ်ခြင်း ၊ လေ့လာ Website ကို နောက်တစ်ကြိမ် အသုံးပြုခွင့်မရအောင် ဆောင်ရွက်ခြင်း၊ သင်တန်းဆရာများ ၊ အခြားသော course provider များမှလည်း အရေးယူအောင်ရွက်ခြင်း စသည်တို့ ကို လုပ်ဆောင်သွားပါမည်။
  • ၇.၃ ဆရာများမှ သတ်မှတ်ထားသော စည်းကမ်းချက်များကိုု လည်းလိုက်နာပြီး အခြားကျောင်းသားများအပေါ် နှောင့်ယှက်မှုမရှိဟု ယူဆပါသည်။
  • ၇.၄ သင်တန်း၏ အချက်အလက် ကုန်ကြမ်းများ၊ နည်းလမ်းများကိုကူးယူပြီး သင့်ကိုယ်ပိုင် (သို့မဟုတ်) အခြားသူတစ်ဦးဦး၏ အတန်းတွင် ပြန်လည်ဖြန့်ဝေခြင်းမပြုရပါ။
  • ၇.၅ အကယ်၍ သတ်မှတ်ထားသော စည်းကမ်းတစ်ခုခုကို ချိုးဖောက်ပါက လေ့လာဘက်မှ သင်၏ အကောင့်ကို အချိန်မရွေး ပယ်ဖျက်ရပ်ဆိုင်းနိုင်ပါသည်။

၈. ကျောင်းသားများ၏ငွေပေးချေမှု

  • ၈.၁ သင်တန်းသားများမှ သင်တန်းကြေးများကို ဘဏ်အကောင့်များမှတစ်ဆင့် ငွေပေးချေနိုင်သည်။

၉. ဆရာများအား ငွေပေးချေမှု

  • ၉.၁ လေ့လာဘက်မှ အသစ်ဝင်သည့် ကျောင်းသားဦးရေ စာရင်းကို ပေးပို့ပြီး ဆရာ့၏ ဘဏ်အကောင့်ထဲသို့လစဉ် ၂၅ ရက်နေ့တိုင်းတွင် စာရင်းရှင်းတမ်းဖြင့် ငွေပေးချေသွားပါမည်။
  • ၉.၂ ဆရာတစ်ဦးချင်းစီနှင့် လေ့လာတို့နှစ်ဦးသဘောတူချုပ်ဆိုထားသော စာချုပ်ပါ သဘောတူညီချက်များနှင့် မကိုက်ညီသော အပြုအမူများကို ပြုလုပ်ပါက လေ့လာဘက်မှ ဆရာများအား ငွေပေးချေမှုနှင့်ပတ်သတ်၍ တရားဝင်ပယ်ဖျက်ခြင်း ထိန်ချန်ခြင်းများ ပြုလုပ်နိုင်ပါသည်။

၁၀. သင်တန်းကြေး ပြန်အမ်းခြင်း

  • ၁၀.၁ လေ့လာဘက်မှ အွန်လိုင်းသင်တန်းကြေးများကို အတန်းအပ်ပြီး ၃ရက်ထက်ကျော်ပါက ငွေပြန်မအမ်းပါ။ ၃ရက်အတွင်း ခိုင်လုံသောအကြောင်းပြချက်ရှိပါက သင်တန်းကြေး၏ ၅၀ ရာခိုင်နှုန်းကို လေ့လာမှ ငွေပြန်အမ်းပါမည်။

၁၁. သင်တန်းကြေးပြောင်းလဲခြင်း

  • ၁၁.၁ လေ့လာဘက်မှ သင်တန်းကြေးများ၊ ဝန်ဆောင်မှုများနှင့်ပတ်သတ်သော ဈေးနှုန်းများ၊ အခမဲ့ဝန်ဆောင်မှုတို့ကို အချိန်မရွေး ပြောင်းလဲသတ်မှတ်နိုင်သည်။ သို့ဖြစ်၍ သင်တန်းကြေးများမှာ ကျောင်းသားတစ်ဦးချင်းစီအတွက် ဝယ်ယူသည့် အချိန်ကာလပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။
  • ၁၁.၂ သင်တန်းကြေး အပြောင်းအလဲများနှင့် ပတ်သတ်၍ အသိပေးအကြောင်းကြားမှုများအား ကျောင်းသားများထံသို့အခြားသင့်တော်သော နည်းလမ်းများဖြင့်လည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

၁၂.ဝင်ငွေခွန်

  • ၁၂.၁ ဆရာများဘက်မှ သူတို့၏ ဝင်ငွေပေါ်မူတည် ၍ အခွန်ဆောင်ရမည်ကို နားလည်သဘောပေါက်သည်ဟု ယူဆပါသည်။

အထက်တွင် ဖော်ပြထားသော စည်းမျဉ်းများ နှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက info@laelar.com သို့ အီးမေးလ် ပေးပို့ မေးမြန်းနိုင်သည်။ Back to top